သတင်းနှင့် ဖော်ပြချက်များ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင် မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ဇွန်လ(၂၀)ရက်နေ့နံနက် (၇) နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် ၁၇ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အောင်သပြေပင်ကို စိုက်ပျိုးပေး

ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုအဖွဲ့ချုပ်ရုံး၌ ဇွန် ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် လူသားနှင့် ဇီဝအဝန်းနယ်မြေ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီးကန်ဒေသအား ယူနက်စကို အဖွဲ့ကြီး၏လူသားနှင့် ဇီတအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB) အောက်ရှိ ကမ္ဘာ့ဇီဝအဝန်းနယ်မြေများကွန်ရက် အတွင်းပါဝင်သည့် ဇီဝအဝန်နယ်မြေတစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။

  ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၅-၆-၂၀၁၇ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကား ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Wouter Jurgens နှင့် Counsellor (Water Affairs) ဖြစ်သူ Mr. Armand Evers တို့အား ယနေ့ ၁၈-၅-၂၀၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး Mr. Peter Lysholt Hansene နှင့် Counsellor ဖြစ်သူ Mr. Henning Nohr ၊ အီတလီသံရုံးမှ သံအမတ်ကြီး Mr. Giorgio Aliberti တို့အား ယနေ့ ၁၇-၅-၂၀၁၇ ရက်နေ့၊ (၁၅:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Smithsonian Conservation Biology Institute - SCBI မှ Dr. Peter Leimgruber နှင့်အဖွဲ့အား ၁၆-၅-၂၀၁၇ ရက်နေ့၊ (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၊ ရုံးအမှတ် (၂၈)၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Smithsonian Conservation Biology Institute - SCBI မှ Dr. Peter Leimgruber နှင့်အဖွဲ့အား ၁၆-၅-၂၀၁၇ ရက်နေ့၊ (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၊ ရုံးအမှတ် (၂၈)၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၁၃.၅.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျှက် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာ၏ မြောက်ဘက် (၃)မိုင်ခန့် အကွာ၊ ကူပြင်ကြိုးဝိုင်းအတွင်းရှိ ရွှေတောင်ကုမ္ပဏီ၏ အပါချီဘိလပ်မြေစက်ရုံသို့သွား ရောက်စစ်ဆေးခဲ့ရာ စက်ရုံ ဝင်းအတွင်း စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပျိုးဥယျာဉ်တည်ထောင်ထားရှိမှု၊ စက်သုံးဆီသိုလှောင်ကန်များမှ စွန့်ပစ်အညစ်အကြေးများ သဘာဝရေချောင်းများအတွင်း တိုက်ရိုက်စီးဝင်စေခြင်း မရှိစေရေး သန့်စင်စနစ်တည်ဆောက် နေမှုများ၊ ဝန်ထမ်းများနှင့် ဒေသခံများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဖွင့်လှစ်ထားသည့် စက်ရုံရှိ ဆေးခန်းတို့အား ဦးစွာစစ်ဆေးကြည့်ရှု့ခဲ့

သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာများမှ သတင်းထောက်များ တက်ရောက်ကြသည်။ တရားမဝင်သစ်ခုတ်လှဲမှု တားဆီးကာကွယ်ရန် ဆောင်ရွက်တရားမဝင် သစ်ခုတ်လှဲမှု တားဆီး ကာကွယ်ရန်ဆောင်ရွက်

Pages