စီမံအုပ်ချုပ်ခြင်း

မြန်မာနိုင်ငံသည် သစ်တောသယံဇာတ ကြွယ်ဝပြီး နိုင်ငံဧရိယာ၏ ၄၇ ရာခိုင်နှုန်းကို သစ်တောများဖြင့် ဖုံးလွှမ်းလျက် ရှိပါသည်။ အပင်ကြီးမျိုး ၁၃၄၇မျိုး၊ အပင်ငယ်မျိုး ၇၄၁ မျိုး၊ ချုံနွယ် ၁၆၉၆ မျိုး နှင့် ဎါး ၉၆မျိုး၊ ကြိမ် ၃၆ မျိုးနှင့် သစ်ခွ ၈၁၄ မျိုးကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်ပါသည်။ အပင်ကြီးမျိုး ၁၃၄၇မျိုး၊ အပင်ငယ်မျိုး ၇၄၁ မျိုး၊ ချုံနွယ် ၁၆၉၆ မျိုးနှင့် ဝါး ၉၆ မျိုး၊ ကြိမ် ၃၆ မျိုးနှင့် သစ်ခွ ၈၄၁ မျိုးကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်ပါသည်။ မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်သည် မြန်မာနိုင်ငံ၏ အဓိက သစ်တောစီမံအုပ်ချုပ်မှုစနစ် တစ်ခု ဖြစ်ပြီး ၁၉၂၀ ခုနှစ်ကတည်းက စတင် ကျင့်သုံးခဲ့သည့် စနစ်ဖြစ်သည်။ အဆိုပါစနစ်သည် ရွေးချယ်ခုတ်လှဲရုံသာမက သစ်တောများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးပြီး အပင်ငယ်များကို အပင်ကြီးဘဝ ရောက်သည်အထိ ပြုစုပေးနိုင်မည့် စနစ်ဖြစ်ပါသည်။

သစ်တောများကို အလုပ်တိုက်နယ်များ ဖွဲ့စည်းအုပ်ချုပ်ပါသည်။ အလုပ်တိုက်နယ်များအား ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများဖြင့် ဖွဲ့စည်းထားပြီး မြေမျက်နှာသွင်ပြင်အလိုက် ခုတ်စဉ်များ ခွဲခြားအုပ်ချုပ်ပါသည်။ ခုတ်စဉ်များကို နှစ်စဉ်ခုတ်ကွက်များဖြင့် ဖွဲ့စည်းထားပြီး ခုတ်ကွက်များကို အကွက်ငယ်များ (compartment) ဖြင့် ဖွဲ့စည်းထားပါသည်။ Compartment များသည် သစ်တောအုပ်ချုပ်မှု၏ အခြေခံယူနစ်ဖြစ်ပြီး တစ်ကွက်လျှင် ဟက်တာ ၂၅၀ ခန့်ရှိပါသည်။ သစ်ခုတ်လှဲခြင်းကို အပင်အရေအတွက်နှင့် ဧရိယာအလိုက် ကန့်သတ်ထားပါသည်။ သစ်ထွက်နိုင်မှုပမာဏ တူညီနိုင်မည့် နှစ်စဉ်ခုတ်ကွက် ၃၀ ကို ခွဲခြားထားပြီး အပင်များကို နှစ်စဉ်ခုတ်ကွက် တစ်ကွက်စီမှ ခုတ်ယူပါသည်။ နှစ်စဉ်တောထွက်ကို သစ်တောသယံဇာတ စာရင်းကောက်ယူမှုကို အခြေခံ၍ တွက်ချက် ပါသည်။ တောကောင်းတွင် ကျွန်းရင်စို့ လုံးပတ် ၇၃ စင်တီမီတာ (ရင်စို့လုံးပတ် ၇.၅ ပေ) နှင့် တောညံ့တွင် ၆၃ စင်တီမီတာ (ရင်စို့လုံးပတ် ၆.၅ ပေ) ကို အနိမ့်ဆုံး အရွယ်အစားသတ်မှတ်ပါသည်။